ကမ်ပိန်းနောက်ခံသမိုင်းအကျဉ်း
CAMPAIGN BACKGROUND
T-Pop Star Challenge, Myanmar သည် ထိုင်းတေးဂီတ၏ soft power ကိုမြှင့်တင်ရန်၊ မြန်မာပြည်သူများကြား ထိုင်းဘာသာစကားကိုစိတ်ဝင်စားမှုတိုးမြင့်လာစေရန်နှင့် ထိုင်းမြန်မာ နှစ်နိုင်ငံကြား ပြည်သူများ၏ ချစ်ခင်ရင်းနှီးမှုတိုးပွားလာစေရန်ရည်ရွယ်၍ ထိုင်းသံရုံး၊ ရန်ကုန်က ဒုတိယအကြိမ်အဖြစ် ကြီးမှူးကျင်းပသော မြန်မာနိုင်ငံရဲ့အကြီးဆုံး ထိုင်းသီချင်း ဆိုပြိုင်ပွဲ ဖြစ်ပါသည်။ ပထမအကြိမ်ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် ဇွန်လမှ စက်တင်ဘာလထိ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါသည်။ ဇွန်လမှ စက်တင်ဘာလထိ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါသည်။
ယခုနှစ်ကျင်းပမည့် ဒုတိယအကြိမ်မြောက် T-Pop Star Challenge, Myanmar ပြိုင်ပွဲကို ထိုင်းနိုင်ငံ၏ ဂီတနှင့် ဇာတ်လမ်းတွဲထုတ်လုပ်သည့် အကြီးဆုံးဖျော်ဖြေရေးကုမ္ပဏီများဖြစ်သော GMM Grammy, ONE31 နှင့် GMMTV တို့က ပံ့ပိုးကူညီထားပါသည်။ စပွန်ဆာများအဖြစ် True dtac, Myanmar Airways International and Novotel Yangon Max တို့ကပါဝင်ထားပါသည်။ ဆုရရှိသူသည် အမေရိကန်ဒေါ်လာ ၃၂၀၀ နှင့်ဆုတံဆိပ်ကိုရရှိမည်ဖြစ်သည်။ စပွန်ဆာပေးထားသော ကုမ္ပဏီများထံမှ အထူးဆုများကိုလည်း ရရှိမည်ဖြစ်သည်။
The T-Pop Star Challenge Myanmar is the biggest Thai music singing competition held in Myanmar, organized by the Royal Thai Embassy in Yangon, of which the first season had been successfully held during June - September 2024. The event aims to promote Thai soft power, specifically Thai music and the Thai language, among the people of Myanmar. It also seeks to strengthen the relationship between the people of Thailand and Myanmar.
For the Second Season of T-Pop Star Challenge, Myanmar this year, the event is also supported by GMM Grammy, ONE31, GMMTV, the largest entertainment, music, and series production companies in Thailand as last year, and is sponsored by True dtac, Myanmar Airways International and Novotel Yangon Max. The winner of the competition will receive a cash prize of 3,200 USD and a trophy, as well as special prizes from the sponsored companies.
ကမ်ပိန်း၏တရားဝင်ချန်နယ်များ
OFFICIAL CHANNELS OF THE CAMPAIGN
● ဒုတိယအကြိမ်မြောက် T-Pop Star Challenge, Myanmar ကို အသက် (၁၈) နှစ်နှင့်အထက် အနယ်နယ် အရပ်ရပ်မှ မြန်မာနိုင်ငံသားတိုင်း ပါဝင်ယှဉ်ပြိုင်နိုင် ပါသည်။ ၂၀၂၄ ခုနှစ်တွင်ကျင်းပခဲ့သည့် T-Pop Star Challenge မှ နောက်ဆုံးဇကာတင် (၁၂) ဦးသည် ပါဝင် ယှဥ်ပြိုင်ခွင့်မရှိပါ။
● ပဏာမရွေးချယ်ခံရသော ပြိုင်ပွဲဝင် (၈) ဦးသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁/၂၂ ရက်နေ့တွင် ရန်ကုန်မြို့ Novotel Yangon Max ဟိုတယ်၌ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင် ရပါမည်။
● ပြိုင်ပွဲတွင် တစ်ဦးတည်းသီဆိုသည့်သူများကိုသာ လက်ခံမည်ဖြစ်ပါသည်။ (ပြိုင်ပွဲဝင်တစ်ဦး တည်းသာ သီဆိုယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊ အခြားပူးတွဲသီဆိုသူများ (သို့) အသံများ မပါဝင်ရပါ။)
● ပြိုင်ပွဲဝင်များသည် GMM group အောက်တွင် လိုင်စင်ရယူထားသော သီချင်းများနှင့် GMM Grammy အပြင် Dome Jaruwat အောက်တွင် လိုင်စင်ရယူထားသောသီချင်းများ ထဲမှ နှစ်သက် ရာတေးသီချင်းတစ်ပုဒ်ကို ရွေးချယ်သီဆိုရပါမည်။ သီချင်းများကို www.tpopstar.com တွင်ဖော်ပြထားသည့် YouTube channels များတွင် ရွေးချယ်နိုင်ပါသည်။
● T-Pop Star Challenge, Myanmar Season 2 is opened to all Myanmar nationals aged 18 years and above from any part of Myanmar. The 12 finalists of T-Pop Star Challenge, Season 1 held in 2024 are not eligible to participate.
● The selected 8 contestants will have to join the final competition at Novotel Yangon Max on 21st – 22nd June 2025.
● Only solo singers are eligible to join (only one person singing, with no other people or sounds)
● Contestants have to choose the song that is under the license of music labels under the GMM group as well as songs under the music licenses of Dome Jaruwat outside GMM Grammy which can be selected from the YouTube channels indicated in www.tpopstar.com
● ပြိုင်ပွဲဝင်များသည် အထက်ဖော်ပြပါ YouTube channels များမှ နှစ်သက် ရာသီချင်းတစ်ပုဒ်ကို ရွေးချယ်၍ မိမိပင်ကိုယ်သံအစစ်ဖြင့် သီဆိုရပါမည်။ (backing track မပါဘဲ “GMM Karaoke” YouTube channel နှင့် အခြားချန်နယ်များတွင်တွေ့နိုင်သော ကာရာအိုကေဗားရှင်း (သို့) ဂီတာ၊ စန္ဒရား၊ ကီးဘုတ်များကဲ့သို့ တူရိယာသီးသန့်ဖြင့်သာ သီဆိုရပါမည်။)
● ပြိုင်ပွဲဝင်များသည် မိမိသီဆိုထားသောသီချင်းဗီဒီယိုတစ်ခုကို ရွေးချယ်ခံရန် တင်ပြရပါမည်။ ပြိုင်ပွဲဝင်တစ်ဦးလျှင် သီချင်းဗီဒီယိုတစ်ခုသာ လက်ခံပါမည်။ ပြိုင်ပွဲဝင်တစ်ဦးသည် ဗီဒီယို (၁) ခုထက်ပို၍ တင်ပြပါက၊ တင်ပြထားသည့်ထဲမှ ပထမသီချင်းဗီဒီယိုကိုသာ အသုံးပြုမည် ဖြစ်သည်။
● တင်ပြမည့် သီချင်းဗီဒီယိုကို ဗီဒီယိုကင်မရာ (သို့) ရုပ်/သံထွက် ကွာလတီကောင်းမွန်သော မိုဘိုင်းလ်ဖုန်းဖြင့် ရိုက်ကူးထားရပါမည်။ built-in ပါပြီးသော မိုက်ခရိုဖုန်းကိုအသုံးပြု သီဆိုရမည် ဖြစ်ပြီး ဗီဒီယိုကို တည်းဖြတ်မထားရပါ။
● ဗီဒီယိုတွင် ပြိုင်ပွဲဝင်၏မျက်နှာနှင့် အသံကိုသာရိုက်ကူးထားရပါမည်။
● ပြိုင်ပွဲဝင်များသည် ဗီဒီယိုကို www.tpopstar.com ရှိ “submission form” တွင်ပြထားသော လိုအပ်သည့် အချက် အလက်များ နှင့်အတူ တင်ပြရပါမည်။
● ဗီဒီယိုတင်ပြရမည့်ကာလ- ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁၈ ရက်နေ့ထိ
● ဆီမီးဖိုင်နယ်ဇကာတင်ပြိုင်ပွဲဝင် (၈)ဦး ရွေးချယ်မည့်ကာလ- ၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်နေ့မှ မေလ ၂၆ ရက်နေ့ထိ ဂီတ၊ ဖျော်ဖြေရေးနှင့် စီးပွားရေးစသည့် ကဏ္ဍအသီးသီးမှ အကဲဖြတ်ဒိုင် (၃၀) ကျော် ပါဝင်သည့် အကဲဖြတ်ဒိုင်များအဖွဲ့မှ ရွေးချယ်ပါမည်။ (တံခါးပိတ်ရွေးချယ်မှုဖြစ်ပါသည်။)
● ဆီမီးဖိုင်နယ်ဇကာတင်ပြိုင်ပွဲဝင် (၈) ဦး ကြေညာခြင်း- ၂၀၂၅ ခုနှစ်၊ မေ ၃၁ ရက်၌ Facebook: T-Pop Star Challenge, Myanmar နှင့် Website: www.tpopstar.com တွင်ကြေညာပါမည်။
● ဆီမီးဖိုင်နယ်ဇကာတင်ပြိုင်ပွဲဝင် (၈) ဦး၏ ဆီမီးဖိုင်နယ်ပြိုင်ပွဲကာလ- ၂၀၂၅ ခုနှစ်၊ ဇွန် ၂၁ ရက်၊ Novotel Yangon Max ဟိုတယ် ရန်ကုန်မြို့။
● နောက်ဆုံးဇကာတင် (၃) ဦး၏ဖိုင်နယ်ပြိုင်ပွဲ - ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၂ ရက်၊ Novotel Yangon Max Hotel ရန်ကုန်မြို့။ (ဇွန်လ ၂၁ - ၂၂ ရက်နေ့များတွင် ကျင်းပမည့်ပြိုင်ပွဲများတွင် ထိုင်းနိုင်ငံမှ အနုပညာရှင်များက special Judges များအဖြစ် အကဲဖြတ် အမှတ်ပေးမည့်အပြင် အွန်လိုင်းမဲပေးစနစ်ဖြင့်လည်း မဲပေးနိုင်မှာဖြစ်ပါသည်။ ထိုအနုပညာရှင်များစာရင်းကို ကမ်ပိန်း၏ တရားဝင်ချန်နယ်များတွင် ကြေညာပေးပါမည်။)
● ဇကာတင်ပြိုင်ပွဲဝင် (၈) ဦးသည် GMM group အောက်တွင် လိုင်စင်ရယူထားသော သီချင်းများနှင့် GMM Grammy အပြင် Dome Jaruwat အောက်တွင် လိုင်စင်ရယူထား သောသီချင်းများထဲမှ နှစ်သက်ရာတေးသီချင်း နောက်ထပ် (၁) ပုဒ်မှ (၃)ပုဒ်ကို ဆီမီးဖိုင် နယ်ပြိုင်ပွဲအတွက် (၁) ပုဒ် နှင့် ဖိုင်နယ်ပြိုင်ပွဲအတွက် (၂) ပုဒ် သီဆိုရန်ရွေးချယ်ထား ရမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲများအတွက် Backing tracks စီစဉ်ပေး မည်ဖြစ်ပါသည်။
● စီစဉ်သူသည် ဆီမီးဖိုင်နယ်ဇကာတင်ပြိုင်ပွဲဝင် (၈)ဦး၏ လမ်းစရိတ် (အခြားမြို့များတွင် နေထိုင်သူဖြစ်ပါက ရန်ကုန်မြို့သို့လာရောက်ရန်အတွက်)နှင့် နေထိုင်ရန်စရိတ်ကို တာဝန်ယူပါ မည်။
● Contestants have to sing 1 song selected from abovementioned YouTube channels with only your own voice (without backing track or with Karaoke version which can be found in “GMM Karaoke” YouTube channel and other channels, or with music instruments such as Guitars, Pianos, Keyboards)
● Contestants must provide 1 Video submission to be considered. Only 1 entry per participant is allowed. If any contestant submits more than 1 video, the organizer will use only the first clip that is submitted.
● Video submission has to be the clip recorded by video camera or mobile phone with high quality settings, use the built-in microphone only, and do not use any editing programs on the video.
● Ensure that the video clearly shows your face and captures your voice.
● Contestants have to submit the VDO clip with the information required in the “submission form” at website www.tpopstar.com
● Submission period: 27 April to 18 May 2025
● Selection of 8 Semi-Finalists: 19 – 26 May 2025 (close door selection) by the panel of judges containing of more than 30 judges from various sectors such as music, entertainment, and business.
● 8 Semi-Finalists announcement: 31 May 2025 on Facebook: T-Pop Star Challenge, Myanmar and Website: www.tpopstar.com
● Semi-Final Competition Round for 8 Semi-Finalists: 21st June 2025 at Novotel Yangon Max
● Final Competition for Top 3 Finalists: 22nd June 2025 at Novotel Yangon Max, Yangon (Competitions held on 21st – 22nd June 2025 will be judged by special Judges who are the artists from Thailand as well as by voting system which will be announced in the official channels of the campaign.)
● The 8 Semi-Finalists will have to select another 1-3 songs under the license of music labels under the GMM group as well as songs under the music licenses of Dome Jaruwat outside GMM Grammy to perform in the Semi-Final Competition (1 song) and the Final Competition (2 songs). Backing tracks will be provided during the competitions
● The organizer will bear the costs of travel to Yangon from any cities within Myanmar and accommodation fee for the selected 8 Semi-Finalists.
အမှတ်ပေးစည်းမျဉ်း
JUDGE CRITERIA
● တံခါးပိတ်ရွေးချယ်မှုကာလတွင် အမှတ်ပေးစည်းမျဉ်းသည် ပြိုင်ပွဲဝင်၏အသံ၊ ထိုင်းဘာသ ာစကားအသံထွက်မှန်ကန်မှုနှင့် တင်ဆက်မှုတို့ပေါ် အခြေခံပါသည်။ ဆီမီးဖိုင်နယ်နှင့် ဖိုငနယ်ပွဲစဥ်များတွင် အမှတ်ပေးစည်းမျဥ်းသည် ပြိုင်ပွဲဝင်၏အသံ၊ ထိုင်းဘာသ ာစကား အသံထွက်မှန်ကန်မှု၊ စင်ပေါ်တွင်ဖျော်ဖြေနိုင်စွမ်းရှိမှု၊ တီထွင်ဖန်တီးနိုင်မှုနှင့် တင်ဆက်မှုတို့ပေါ် အခြေခံပါသည်။ အွန်လိုင်းမဲပေးမှုသည် စုစုပေါင်းရမှတ်၏ (၁၀%) ပါဝင်မည်ဖြစ်ပါသည်။
● ဒိုင်လူကြီးများ၏အဆုံးအဖြတ်သည် အပြီးသတ်ရွေးချယ်မှုဖြစ်ပါသည်။
● Judgment at close door selection period will be based on quality of voice, Thai language pronunciation, and appearance. At the Semi-Final and Final rounds, the judgement criteria will be based on quality of voice, Thai language pronunciation, stage performance, creativity and appearance, with the result from online voting which will be counted for 10% of total scores.
● The decision of the panel of judges will be final.
ဆုကြေးများ
PRIZES
Grand Prize: ငွေသား USD 3,200, ဆုတံဆိပ်နှင့် စပွန်ဆာကုမ္ပဏီများထံမှ အထူးဆုများ
1st Runner-up Prize: ငွေသား USD 1,600
2nd Runner-up Prize: ငွေသား USD 1,000
3rd Runner-up Prize to 7 th Runner-up : ငွေသား USD 400 Each
Grand Prize: USD 3,200 cash, Trophy and special prizes from sponsors
1st Runner-up Prize: USD 1,600 cash
2nd Runner-up Prize: USD 1,000 cash
3rd Runner-up Prize to 7th Runner-up: USD 400 cash Each