ခမ်းနားကြီးကျယ်တဲ့ T-Pop Star Challenge, Myanmar Season 2 ပြီးစီးခြင်း
၂၀၂၅ ခုနှစ် ဇွန်လ ၂၁ နှင့် ၂၂ ရက်နေ့တွင် ထိုင်းသံရုံး၊ ရန်ကုန် မှ မြန်မာနိုင်ငံသားများအတွက် ထိုင်းသီချင်းဆိုပြိုင်ပွဲ “T-Pop Star Challenge, Myanmar Season 2” ၏ ဆီမီးဖိုင်နယ်ပွဲစဉ်နှင့် ဖိုင်နယ်ပွဲစဉ်ကို Novotel Yangon Max ဟိုတယ်၌ ပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲသည် Thai Festival 2025 in Yangon ၏တင်ဆက်မှု တစိတ်တပိုင်းတစ်ခုဖြစ်ပြီး True-Dtac Myanmar Airways International နှင့် Novotel Yangon Max ထံမှ ကူညီပံ့ပိုးမှုရရှိခဲ့ပြီး GMM Grammy၊ ONE31 နှင့် GMMTV တို့မှလည်း ပူးပေါင်းပါဝင်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဧပြီ ၂၇ မှ မေ ၃၁ ရက်နေ့အထိ အော်ဒီရှင်းသီချင်းပေးပို့မှုများကိုဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံသား ၂၃၀ ကျော်မှယှဉ်ပြိုင်မှုရွေးချယ်ခံ audition clips များပေးပို့ခဲ့ကြရာ နယ်ပယ်အသီးသီးမှကျွမ်းကျင်အဖွဲ့ဝင် ၃၅ ဉီးပါဝင်သည့်စီစစ်ရေးကော်မတီအဖွဲ့မှ ဆန်ကာတင် ၈ ယောက်ကိုရွေးချယ်နိုင်ခဲ့ကာ ၎င်း audition clips များကို www.tpopstar.com နှင့် Facebook/YouTube: T-Pop Star Challenge, Myanmar တွင် ပြသခဲ့ပြီး ပရိသတ်များအနေဖြင့် မိမိနှစ်သက်သောပြိုင်ပွဲဝင်များအား မဲပေးနိုင်ခြင်းများလည်းပြုလုပ်ပေးခဲ့ပါသည်။
ဆီးမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်များတွင် ထိုင်းနိုင်ငံမှ အနုပညာရှင်ဖြစ်သည့် Dome Jaruwat, Gam Wichayanee နှင့် Num Kala တို့မှ အကဲဖြတ်ဒိုင်များအဖြစ်ပါဝင်ခဲ့ပြီး ဖိုင်နယ်အဆင့်ပြိုင်ပွဲဝင် ၃ ဉီးကိုရွေးချယ်ပေးခဲ့ပါသည်။ နောက်ဆုံးဖိုင်နယ်အဆင့်တွင် Zea၊ အသက် ၂၂နှစ်၊ မော်လမြိုင်မြို့မှ ပြိုင်ပွဲဝင်သည် အကဲဖြတ်ဒိုင်များ နှင့် မဲပေးသူများ မှာရရှိသောအမှတ်ပေါင်းများတွင် အမြင့်ဆုံးဖြစ်ပြီး ငွေဆုပမာဏ အမေရိကန်ဒေါ်လာ ၃၂၀၀၊ ဆုတံဆိပ်နှင့် True-Dtac၊ Myanmar Airways International နှင့် Novotel Yangon Max မှ ပေးအပ်သောဆုများ ကို ရရှိခဲ့သည်။ Chris၊ အသက် ၂၆ နှစ်၊ တာချီလိတ်မြို့မှ ဒုတိယဆု (1st Runner-up) အမေရိကန်ဒေါ်လာ ၁၆၀၀ ကို ရရှိပြီး Naw Sydney Laryuphaw ၊ အသက် ၂၃ နှစ်၊ ရန်ကုန်မြို့မှ တတိယဆု (2nd Runner-up): အမေရိကန်ဒေါ်လာ ၁၀၀၀ ကို အသီးသီးဆွတ်ခူးခဲ့ကြပါသည်။ ပြိုင်ပွဲကာလ ၂ ရက်လုံးတွင် အကဲဖြတ်ဒိုင် ၃ ဦး၏ အထူးဖျော်ဖြေမှုများအပြင် အထူးဧည့်သည်အဖြစ် GMMTV မှ အနုပညာရှင် Perth-Santa နှင့် Aou-Boom ၊ Season 1 အနိုင်ရ Baron Haynes၊ ONE31 မှ အနုပညာရှင်သရုပ်ဆောင် Film Thanapat တို့ကလည်း ပါဝင်ဖျော်ဖြေခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံမှ နံမည်ကျော်အစီအစဉ်တင်ဆက်သူ ကိုကျော်ထက်အောင်လည်း ပါဝင်ခဲ့သည်။ ပွဲတစ်ရက်လျှင် ပရိသတ်အယောက် ၁၁၀၀ ကျော် တက်ရောက်ခဲ့ပြီး တင်ဆက်မှုများကို တိုက်ရိုက်ကြည့်ရှုနိုင်သည့် Live Streaming ထုတ်လွှင့်မှုများလည်းပြုလုပ်ခဲ့ပါသည်။
ထို့အပြင် Season 1 မှပထမဆုရှင် Baron Haynes နှင့် Dome Jaruwat တို့ ပူးတွဲသီဆိုထားသည့် “ဘိုးဘိုးကြီး (Pray for Love)” သီချင်းကိုတင်ဆက်ခဲ့သည်။ ထိုသီချင်းကို ထိုင်း-မြန်မာပြည်သူများအကြား ချစ်ခင်ရင်းနှီးမှုတိုးတက်စေရန်နှင့်ဆက်သွယ်ဆက်ဆံရေးမြှင့်တင်ရန်အတွက် ထိုင်းသံရုံးမှ စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ MV ကို Youtube: T-Pop Star Challenge, Myanmar https://youtu.be/RPs6ONqaM3o?si=nmXDaZ8gp1GrtUEc တွင်ကြည့်ရှုနိုင်ပြီး၊ Music Streaming ဝဘ်ဆိုဒ်များမှလည်း နားဆင်နိုင်သည်။ ထို့အပြင် Season 2 အနိုင်ရ ပြိုင်သူအတွက်လည်း သီချင်းတစ်ပုဒ် ထပ်မံထုတ်ပေးရန် စီစဉ်ထားသည်။
ပွဲစဉ်တလျှောက်လုံးတွင် မြန်မာနှင့် ထိုင်းနိုင်ငံ မှ ပရိသတ်များမှ တက်ကြွစွာ ပါဝင်ခဲ့ကြပြီး ဆိုရှယ်မီဒီယာများပေါ်တွင် နံမည်ကျော်ကြားလာခဲ့သည်။ ၂၀၂၅ ခုနှစ် ဇွန် ၂၃ ရက်နေ့အထိ Social Media ဝင်ရောက်ကြည့်ရှုမှုမှာ -
• Website (www.tpopstar.com): 45,000 ကြိမ်
• Facebook: T-Pop Star Challenge, Myanmar: 37,300 Followers
• YouTube: TPopStarChallengeMyanmar: 13,600 Subscribers
Live Streaming view counts as of 23 June 2025:
- Semi-Final (21 June 2025):
• Facebook: https://www.facebook.com/share/v/1CGhhuSWbd/?mibextid=wwXIfr(254,000 views)
• YouTube: https://www.youtube.com/live/qIwDmTRzZEE?si=XpX3wmMj6JFgR3L0(138,000 views)
- Final (22 June 2025)
• Facebook: https://www.facebook.com/share/v/19iq69qPYn/?mibextid=wwXIfr(190,000 views)
• YouTube: https://www.youtube.com/live/eIS9MrLnP6Y?si=o8Aprj-gmCrkP-Lx(82,000 views)